Google ရှိ အားလုံးက သင့်အတွက် ဆောင်ရွက်ပေးနေပါသည်

သင်၏ Google Account သို့ လက်မှတ်ထိုးဝင်ပြီး သင်အသုံးပြုသည့် Google ဝန်ဆောင်မှုများကို အကောင်းဆုံးရယူလိုက်ပါ။ သင်၏ Google အသုံးပြုမှုကို ပုဂ္ဂိုလ်ရေးသီးသန့် ပြုလုပ်ခြင်း၊ နေရာမရွေးမှ သင့်အရေးအကြီးဆုံး အချက်အလက်များကို အလွယ်တကူ ဝင်သုံးခွင့်ပေးခြင်းတို့ဖြင့် အကောင်းဆုံးအသုံးပြုနိုင်ရန် သင်၏အကောင့်က ကူညီပါသည်။

သင့်ကို ကူညီရန်

လက်မှတ်ထိုးဝင်ထားသည့်အခါ သင့်အချိန်ဇယားများကို မျက်ခြည်မပြတ်စေရန် Gmail ကို သင့် Google Calendar၊ Google Maps တို့နှင့် စင့်ခ်လုပ်ခြင်းကဲ့သို့ နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် မေးစရာမလိုဘဲ အကူအညီပေးနိုင်ရန် သင်အသုံးပြုသည့် Google ဝန်ဆောင်မှုများက တစ်ဆက်တည်း အတူတကွဆောင်ရွက်ကြပါသည်။

သင့်အတွက် ရေးဆွဲထားသည်

မည်သည့်စက် သို့မဟုတ် မည်သည့် Google ဝန်ဆောင်မှုကို အသုံးပြုနေပါစေ အချိန်မရွေး စိတ်ကြိုက်စီမံနိုင်သည့် တသမတ်တည်းသော အသုံးပြုမှုကို သင့်အကောင့်က ပေးပါသည်။

သင့်ကို ကာကွယ်ပေးရန်

တိုက်ခိုက်နှောင့်ယှက်မှုများ သင့်ထံသို့မရောက်မီ အလိုအလျောက် သိရှိပြီး ပိတ်ထားနိုင်သည့် ထိပ်တန်းလုံခြုံရေးဖြင့် သင်၏ Google Account ကို ကာကွယ်ထားပါသည်။

ကူညီရန် အသင့်ဖြစ်ပါပြီ

ကူညီရန် အသင့်ဖြစ်ပါပြီ

Chrome မှစ၍ YouTube အထိ Google ဝန်ဆောင်မှုများက သင်လက်မှတ်ထိုးဝင်ထားသည့်အခါ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ပါသည်။ အော်တိုဖြည့်၊ ပုဂ္ဂိုလ်ရေးသီးသန့် အကြံပြုချက်များနှင့် အခြားအရာများကဲ့သို့ အသုံးဝင်သောဝန်ဆောင်မှုများအား နှစ်သက်ရာစက်မှ အချိန်မရွေး အသုံးပြုနိုင်ခွင့်ကို သင့်အကောင့်က ပေးပါသည်။

သင့်အတွက်သာ

သင့်အတွက်သာ

သင်၏ Google Account က သင်အသုံးပြုသော ဝန်ဆောင်မှုတိုင်းကို သင့်အတွက် ပုဂ္ဂိုလ်ရေးသီးသန့်ပြုလုပ်ပေးသည်။ သင်၏ဦးစားပေးများ၊ ကိုယ်ရေးလုံခြုံမှုနှင့် ပုဂ္ဂိုလ်ရေးသီးသန့် ထိန်းချုပ်မှုများကို နှစ်သက်ရာစက်မှ ဝင်ကြည့်ရန် သင်၏အကောင့်သို့ လက်မှတ်ထိုးဝင်လိုက်ပါ။

သင့်အချက်အလက်များကို သီးသန့်ထားရှိပြီး ဘေးကင်းလုံခြုံစေသည်

သင့်အချက်အလက်များကို သီးသန့်ထားရှိပြီး ဘေးကင်းလုံခြုံစေသည်

သင်၏ Google Account ရှိ အချက်အလက်အားလုံး ကာကွယ်ရန်မှာ အရေးအကြီးဆုံးဖြစ်သည်။ ထို့ကြောင့် ‘လုံခြုံရေးစစ်ဆေးမှု’ နှင့် Google Password Manager ကဲ့သို့ အစွမ်းထက်သော အကာအကွယ်များ၊ တူးလ်များကို အကောင့်တိုင်းတွင် ထည့်ထားပါသည်။